Europe News

၎ယောက် အထုတ်ခံရသော ဖီနာဘီချီ

May 26 , 2015

တူရကီ စူပါလိဂ်ပွဲစဉ် ၃၃ အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဖီနာဘီချီအသင်းမှာ အစ္စတန် ဘူလ်ဘာဆက်ရှိဟာ အသင်းကို အဝေးကွင်းတွင် ၂ ဂိုးစီ သရေသာ ကစားနိုင်ခဲ့သဖြင့် အမှတ်ပေး ချန်ပီယံဖြစ်နိုင်ရန် အလှမ်းဝေးသွားခဲ့ပြီး ယင်းပွဲတွင် ကစားသမား ၄ ဦးအထိ အနီကဒ်အပြခံခဲ့ရသည်။

လက်ရှိ ချန်ပီယံဖြစ်သည့် ဖီနာဘီချီမှာ ၃၂ ပွဲကစားပြီးချိန်တွင် အမှတ် ၇၀ ဖြင့် ဒုတိယ၊ ဂါလာတာစာရေးက ၇၃ မှတ်ဖြင့် ပထမနေရာတို့တွင် ရှိနေပြီး ပွဲစဉ် ၃၃ တွင် ဖီနာဘီချီက သရေသာကစားနိုင်ခဲ့ပြီး ဂါလာတာစာရေးက နိုင်ပွဲရသွားခဲ့သည်။

ယခုသရေကျသောပွဲတွင် အိမ်ရှင်အသင်းက ၂းဝ ဖြင့် ဦးဆောင်နေခဲ့ပြီးမှ ဖီနာဘီချီက အနောက်မှလိုက်ကစားရခြင်းဖြစ်ပြီး တိုပက်ဇ် (၈၄ မိနစ်)၊ အဲလ်ဗက်စ် (၉၂ မိနစ်)၊ အာကင် (၉၃ မိနစ်)၊ ၀ီဘို (၉၆ မိနစ်) တို့ အနီကဒ်များဖြင့် အသီးသီး ထွက်ခဲ့ရသည်။

ယခုပွဲအဖြေကြောင့် တစ်ပွဲကျန် အနေအထားတွင် ဂါလာတာစာရေးက ယခုရာသီအမှတ်ပေးချန်ပီယံဘွဲ့ကို ရရှိသွားခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here