La-liga News

ဆိုစီဒက်တွင် မိုရက်စ် ဆက်နေမည်

May 26 , 2015

နည်းပြမိုရက်စ်က သူသည် စပိန်လာလီဂါကလပ်ဖြစ်သော ဆိုစီဒက်တွင်သာ ဆက်နေသွားမည်ဟု ပြောဆိုလိုက်သည်။

မန်ယူနည်းပြဟောင်း မိုရက်စ်မှာ လွန်ခဲ့သော နိုဝင်ဘာလတွင် ဆိုစီဒက်နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ယခုရာသီကုန်ချိန်တွင် အဆင့် ၁၂ ရရှိခဲ့သည်။

စကော့တလန်သား မိုရက်စ်ကို ပရီးမီးယားလိဂ်မှ ၀က်စ်ဟမ်း၊ နယူးကာဆယ်တို့က လာမည့်ရာသီအတွက် ခေါ်ယူလိုနေသည်ဟု သတင်းများထွက်နေချိန်တွင် မိုရက်စ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိုရက်စ်က "ကျနော် အားလုံးကို ပြောချင်ပါတယ်။ လာမယ့်ရာသီမှာ ကျနော် စပိန်မှာပဲ ဆက်ရှိနေမှာပါ။ ဒီကိုမလာခင် ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် နယ်မြေသစ်မှာ စွန့်စားချင်တဲ့စိတ်နဲ့ စပိန်မြေကို ခြေချခဲ့တာပါ။ ကွဲပြားခြားနားတဲ့လိဂ်၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ကစားသမားတွေဟာ ကျနော့်အတွက် စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် အဲဒါမျိုးကို ကျနော် ကျေနပ်ပါတယ်။ လက်ရှိအသင်းနဲ့ ပရိသတ်တွေနဲ့လည်း အေးအေးဆေးဆေးပါပဲ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here