World CUp 2014 News

ဘရာဇီးလ် ရှုံးထွက်အဆင့်သို့ရောက်

Jun 24 , 2014

ကမ္ဘာ့ဖလား အုပ်စု A  ၏ နောက်ဆုံးပွဲစဉ်အဖြစ် ကင်မရွန်းအသင်းနှင့် ဘရာဇီးလ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဘရာဇီးလ်အသင်းမှ ၁-၄ ဖြင့်အနိုင်ရရှိပြီး အုပ်စုပထမနေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဘရာဇီးလ်အသင်းနည်းပြ စကိုလာရီသည် ယခုပွဲတွင် အသင်း၏လူစာရင်းအား ထူးခြားစွာ ပြောင်းလဲခဲ့ခြင်း မရှိခဲ့ဘဲ မက္ကဆီကို အသင်းနှင့်ပွဲစဉ်က ဒဏ်ရာရခဲ့သည့် ရာမီးရက်စ် နေရာတွင် ဟော့ခ် အား ထည့်သွင်း အသုံးပြုခဲ့ကာ ယခင်လူစာရင်းအတိုင်းပင် ပွဲထွက်လာခဲ့သည်။

နိုင်ပွဲတစ်ပွဲမှ မရရှိထားသော ကင်မရွန်းအသင်းအနေဖြင့် ပွဲစဉ်ပထမပိုင်းတွင် ဘရာဇီးလ် အသင်းအား ယှဉ်ကစားနိုင်ခဲ့သော် လည်း ပွဲချိန် ကြာလာသည်နှင့်အမျှ ဘရာဇီးလ်အသင်း၏ ကစားကွက်အောက် ကျရောက်သွားခဲ့ကာ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရသည်။

ယခုပွဲတွင် ဘရာဇီးလ်အသင်း၏ အဓိက တိုက်စစ်မှူး နေမာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ အဓိက နေရာ မှ နိုင်ပွဲ ရယူနိုင်ခဲ့သည်။

ဘရာဇီးလ်အသင်းအတွက် ဂိုးများကို ၁၇ မိနစ်နှင့် ၃၄ မိနစ်တို့တွင် နေမာ၊ ၄၉ မိနစ်တွင် ဖရက်ဒ် ၊ ၈၄ မိနစ်တွင် ဖာနန်ဒင်ဟို တို့မှ အသီးသီး သွင်းယူခဲ့ကာ ကင်မရွန်းအသင်းအတွက် နှစ်သိမ့်ဂိုး ၁ ဂိုးကို ၂၆ မိနစ်တွင် မာတစ် မှ သွင်းယူပေးခဲ့သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here