Europe News

BBC အကောင်းဆုံးဆုရ အိုရှိုလာ

May 27 , 2015

BBC ၏ ၁ နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို နိုင်ဂျီးရီးယားနှင့် လီဗာပူးတိုက်စစ်မှူး အေစီစက် အိုရှိုလာက ရရှိခဲ့ပြီဖြစ်သည်။

အသက် ၂၀ သာရှိသေးသော အိုရှိုလာမှာ စပိန်မှ ဘိုကွီတီ၊ ဂျာမနီမှ ကက်စလာ၊ စကော့တလန်မှ လစ်တဲလ်၊ ဘရာဇီးမှ မာတာတို့ထက် မဲပိုရကာ ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။

BBC မှ ဦးဆောင်၍ တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ်များ၏ မဲအများဆုံးကိုရခဲ့သည့် အိုရှိုလာက BBC နှင့်အတူ မိမိကို မဲပေးခဲ့သူများအားလုံးကို ကျေးဇူး တင်ပါကြောင်း ပြောဆိုခဲ့သည်။

အိုရှိုလာမှာ ဆန်ကာတင်စာရင်းတွင် အသက်အငယ်ဆုံးဖြစ်ပြီး လွန်ခဲ့သောနွေ ကနေဒါတွင် ကျင်းပခဲ့သည့် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ကာ ထိုပြိုင်ပွဲ၏  အကောင်းဆုံးကစားသမားအဖြစ် အရွေးခံခဲ့ရသူဖြစ်သည်။

သူသည် ၂၀၁၅ ဇန်န၀ါရီတွင် လီဗာပူး အမျိုးသမီးအသင်း၏  ခေါ်ယူခြင်းကိုခံခဲ့ရပြီး လီဗာပူးအတွက် ပထမဆုံး အာဖရိကအမျိုးသမီးကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here