World CUp 2014 News

အသင်း ၄ သင်း ထိပ်တိုက်တွေ့ဆုံ

Jun 24 , 2014

မနေ့က ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလားအုပ်စု ပွဲစဉ်များတွင် နယ်သာလန်၊ ဘရာဇီးလ်၊ မက္ကဆီကို စသည့်အသင်းများ နိုင်ပွဲရရှိ ခဲ့သောကြောင့် အုပ်စု A နှင့် B တို့ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည့် အသင်းများ ထွက်ပေါ်လာခဲ့သည်။

ပွဲစဉ် ရေးဆွဲမှုများအရ အုပ်စု A မှ ပထမရသည့်အသင်းနှင့် အုပ်စု B မှ ဒုတိယရသည့်အသင်းတို့ ရှုံးထွက်အဆင့်တွင် တွေ့ဆုံ မည်ဖြစ်သလို အုပ်စု A မှ ဒုတိယရသည့်အသင်းနှင့် အုပ်စု B မှ ပထမရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့ကြောင့် အုပ်စု A တွင် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ပထမနေရာအား ရယူနိုင်ခဲ့သည့် အိမ်ရှင် ဘရာဇီးလ် အသင်းသည် အုပ်စု B မှ နယ်သာလန်အသင်းကို ရှုံးနိမ့်ကာ ဒုတိယသာရရှိခဲ့သည့် ချီလီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အတူ ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယနေရာသာ ရရှိခဲ့သည့် မက္ကဆီကို အသင်းသည် အုပ်စု B မှ ထိပ်ဆုံးနေရာ သိမ်းပိုက်နိုင်ခဲ့သည့် နယ်သာလန်အသင်းနှင့် တွေ့ဆုံတော့မည် ဖြစ်သည်။

အဆိုပါ ရှုံးထွက်ပွဲစဉ်များအား ၂၈ ရက် နေ့တွင် စတင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

 

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here