Bundesliga News

ရှော့ကေးနည်းပြ နှုတ်ထွက်

May 27 , 2015

ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ရှော့ကေးမှနည်းပြ ဒီမက်တီယိုမှာ ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

အသက် ၄၄ နှစ်ရှိပြီဖြစ်သော မက်တီယိုမှာ ၂၀၁၄ အောက်တိုဘာတွင် ရှော့ကေးကို စတင်ကိုင်တွယ်ခဲ့ပြီး အဆင့် ၁၁ မှ ၃ အထိ တက်စေနိုင်ခဲ့သူဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် အသင်းရလဒ်များ ပြန်လည်ကျဆင်းခဲ့ပြီး နောက်ဆုံး ၁၀ ပွဲတွင် နိုင်ပွဲ ၂ ပွဲသာရရှိပြီးနောက် ချန်ပီယံလိဂ် ၀င်ခွင့်နှင့် လွဲချော်ကာ ယူရိုပါလိဂ် ၀င်ခွင့်သာရရှိခဲ့သည်။

မက်တီယိုမှာ ၂၀၁၂ တွင် ချဲလ်ဆီးကို ချန်ပီယံလိဂ်ချန်ပီယံဖြစ်စေခဲ့သော်လည်း ဘင်နီတက်ဇ်နှင့် အစားထိုးခံခဲ့ရပြီး ချဲလ်ဆီးကို စုစုပေါင်း ၈ လသာ ကိုင်တွယ်ခွင့်ရခဲ့သူဖြစ်သည်။

မက်တီယိုက ယခုကဲ့သို့ ရှော့ကေးနှင့် လမ်းခွဲရခြင်းမှာ ကလပ် အားကစားဒါရိုက်တာနှင့် ရှေ့ရေးဆွေးနွေးစဉ် သဘောမတူညီမှုများရှိလာခဲ့၍ ဖြစ်ကြောင်း၊ မိမိချပြသော စီမံချက်များကို ငြင်းပယ်ခံခဲ့ရကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here