La-liga News

ရီးရဲလ်လက်ထောက်နည်းပြ နှုတ်ထွက်

May 30 , 2015

ရီးရဲလ်အသင်းက နည်းပြ အန်ဆလော့တီကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် လက်ထောက်နည်းပြဖြစ်သူ ပေါလ် ကလီးမင့်မှာလည်း ရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ် သည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သော ကလီးမင့်က ကမ္ဘာ့နံပါတ်တစ်ကလပ်တွင် အန်ဆလော့တီနှင့်အတူ တာဝန်ထမ်းခွင့်ရခဲ့ခြင်းအတွက် ဂုဏ်ယူကြောင်း၊ ရီးရဲလ်မှ ကစားသမားဝန်ထမ်းများနှင့် ပရိသတ်များအား ကျေးဇူးတင်ပါကြောင်း ပြောဆိုခဲ့သည်။

ကလီးမင့်မှာ အန်ဆလော့တီ၏ လက်ထောက်အဖြစ် ချဲလ်ဆီး၊ PSG တို့တွင် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၃ တွင် အန်ဆလော့တီနှင့်အတူ ရီးရဲလ်သို့ ရောက်လာခြင်းဖြစ်ပြီး လွန်ခဲ့သောရာသီက ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သည်။

အင်္ဂလန်တွင် မွေးဖွားခဲ့သော ကလီးမင့်မှာ အင်္ဂလန်နည်းပြဟောင်း မက္ကလာရင် ကိုင်တွယ်ခဲ့သည့် ဒါဘီကောင်တီသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေပြီး အက်ဒဗိုကက် ထွက်သွားသည့် ဆန်းဒါးလန်းသို့လည်း ရောက်လာနိုင်ကြောင်း သိရသည်။

အန်ဆလော့တီမှာ ဇာတိမြေ အီတလီမှ မီလန်သို့ ပြောင်းရွေှ့ရန် ဆွေးနွေးမှုများပြုလုပ်လျက် ရှိနေသည်။

U Myo Thant




<< Back La-liga News


Advertisement
Here