World CUp 2014 News

ဒဏ်ရာရရှိခဲ့သည့် ဗာမေလန်

Jun 24 , 2014

ဘယ်လ်ဂျီယံအသင်းမှ နောက်ခံကစားသမား သောမတ်စ်ဗာမေလန်သည် တံကောက်ကြော ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့် ရင်ဆိုင်ရမည့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်အတွက် သေချာမှုမရှိကြောင်း သိရှိရသည်။

ဗာမေလန်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရုရှားအသင်းအား ၁-၀ ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ပွဲချိန် ၃၁ မိနစ်တွင် လူစားလဲလှယ်ပြီး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရသည်။

အဆိုပါ ရုရှား အသင်းနှင့်ပွဲစဉ်တွင် ဗာမေလန်၏ နေရာအား ဗာတွန်ဂန်မှ တာဝန်ယူခဲ့ပြီး ရုရှားအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းအား ၁၆ သင်း ရှုံးထွက်အဆင့်သို့  တက်ရောက်စေရန်အတွက် သေချာစေခဲ့သည်။

လက်ရှိအချိန်တွင် ဗာမေလန်အနေဖြင့် အသင်းနှင့် ဆေးကုသမှု ခံယူနေပြီး ပြန်လည်သက်သာလာစ ပြုနေပြီဖြစ်သော် လည်း တောင်ကိုရီးယားအသင်းနှင့် ရင်ဆိုင်ရမည့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်အတွက် သေချာမှု မရှိသေးဘဲ ဗာတွန်ဂန်မှ ဆက်လက် တာဝန်ယူ သွားဖွယ် ရှိနေသည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here