La-liga News

ရီးရဲလ်နည်းပြဖြစ်တော့မည့် ဘင်နီတက်စ်

Jun 01 , 2015

စနေနေ့ကကျင်းပခဲ့သော ရီးရဲလ်ပရိတ်သတ်များအစည်းအဝေးတွင် ရီးရဲလ်အသင်းဒုဥက္ကဌ ဒီဗီလာက နည်းပြဘင်နီတက်ဇ် ယခုရက်ပိုင်းအတွင်း ရီးရဲလ်သို့ရောက် လာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဘင်နီတက်ဇ်မှာ ယမန်နေ့က နာပိုလီကိုနောက်ဆုံးပွဲအဖြစ် တာဝန်ယူခဲ့ပြီးနောက် ရာထူးမှနှုတ်ထွက်ခဲ့သူဖြစ်ပြီး ရီးရဲလ်မှာလည်း အန်ဆန်လော့တီကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

အန်ဆလော့တီမှာ အသင်းဟောင်း မီလန်သို့ ပြန်သွားမည်ဖြစ်ပြီး စပိန်သား ဘင်နီတက်ဇ်က ဇာတိမြေသို့ ပြန်လာမည်ဖြစ်သည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော ဘင်နီတက်မှာ ၂၀၀၅ တွင် လီဗာပူးကို ချန်ပီယံလိဂ်ဖလားရစေခဲ့ပြီး ၂၀၁၃ တွင် ချဲလ်ဆီးကို ယူရိုပါလိဂ် ချန်ပီယံဖြစ်စေခဲ့ကာ နာပိုလီနှင့်အတူ ၂၀၁၄ တွင် ကိုပါအီတာလျံဖလား ရရှိခဲ့သည်။

ရီးရဲလ်အသင်းမှာ ယခုရာသီတွင် ဖလားလက်မဲ့ရာသီဖြစ်ပြီး လွန်ခဲ့သောရာသီက ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့်ဖလားပွဲတို့တွင် ချန်ပီယံဆုများ ရရှိခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here