Serie-A News

ပြည်ပတွင်ကစားလိုသည့် အမ်ဘရိုစီနီ

Jun 24 , 2014

အီတလီအသင်း၏ ဂန္တ၀င် ကွင်းလယ်ကစားသမား အမ်ဘရိုစီနီသည် ပြည်ပမှ ကမ်းလှမ်းမှုများကိုသာ လက်ခံသွား မည်ဖြစ်ကြောင်း ကစားသမား၏အေးဂျင့်ဖြစ်သူမှ ပြောကြားသွားခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်သော အေစီမီလန် ကွင်းလယ်ကစားသမားဟောင်း အမ်ဘရိုစီနီသည် ဖီအိုရင်တီးနား အသင်းတွင် တစ်ရာသီကြာ ကစားခဲ့ပြီး ပြီးခဲ့သည့်လအတွင်းက အသင်းမှ ထွက်ခွာရန် ကြေညာခဲ့ကာ ကစားသမားဘ၀ မကုန်ဆုံးမီ ပြည်ပနိုင်ငံများသို့ သွားရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အမ်ဘရိုစီနီအနေဖြင့် စီးရီးအေ အသင်းများထံမှ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကာ ပြည်ပသို့ သွားရောက်ကစားရန် ပျက်ပြယ်ခဲ့ပါက ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သူ၏အေးဂျင့် ဖြစ်သူမှ ပြောကြားသွားခဲ့သည်။

"သူဟာ အီတလီအသင်းတွေထံက ကမ်းလှမ်းမှု တစ်ချို့ ရရှိခဲ့ပေမယ့် စဉ်းစားသွားမှာ မဟုတ်ပါဘူး။ သူဟာ ပြည်ပအတွေ့အကြုံ ရရှိဖို့အတွက် ကြိုးစားနေပြီး ဒီကိစ္စဖြစ်မလာခဲ့ရင်တော့ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်သွားမှာပါ" ဟု သူ၏ အေးဂျင့်ဖြစ်သူ မှ ပြောကြားသွားခဲ့သည်။ အမ်ဘရိုစီနီသည် အေစီမီလန်အသင်းတွင် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ကာ စီးရီးအေ ချန်ပီယံဆု ၄ ကြိမ်နှင့် ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်တို့ကို အသင်းနှင့်အတူ ရယူနိုင်ခဲ့ကာ ပြီးခဲ့သည့် ရာသီက ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်သည်။

Cho Phyu Aye




<< Back Serie-A News


Advertisement
Here