SEA Games News

စင်္ကာပူဆီးဂိမ်း လုပ်ပွဲအမှု

Jun 02 , 2015

စင်္ကာပူတွင် စတင်ကျင်းပနေပြီဖြစ်သော ဆီးဂိမ်းအားကစားပြိုင်ပွဲများအနက် မလေးရှားနှင့် တီမောပွဲစဉ်တွင် လုပ်ပွဲကစားခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ် AFC က တီမော အသင်းက မန်နေဂျာ မန်ဒက်စ်ကို ဘောလုံးရေးရာကိစ္စများတွင် ပါဝင်ပတ်သက်ခွင့် မပြုတော့သည့် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။

ထိုမလေးရှားနှင့် တီမောပွဲစဉ်တွင် မလေးရှားက ၁းဝ ရလဒ်ဖြင့်သာ နိုင်စေရန် လုပ်ပွဲကစားခိုင်းခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်ရလဒ်မှာလည်း ၁းဝ ဖြင့်သာ ပြီးဆုံးခဲ့သည်။

လောင်းကစားဒိုင်တစ်ဦးက ချဉ်းကပ်ကာ ယခုကဲ့သို့ လုပ်ပွဲဖြစ်မြောက်အောင် ဆွဲဆောင်ခဲ့ခြင်းဖြစ်ပြီး စင်္ကာပူမှာ ကမ္ဘာတစ်ဝှမ်းဘောလုံးပွဲများအတွက် အဓိကလောင်းကစားဒိုင်များ အခြေပြုသည့်နေရာအဖြစ် လွန်ခဲ့သော ၁၀ နှစ်ခန့်အတွင်းမှစ၍ နာမည်ကျော်လာခဲ့ကာ ၂၀၁၃ တွင်လည်း ဥရောပပွဲများအပေါ် လုပ်ပွဲများ ကစားစေခဲ့မှုကြောင့် စင်္ကာပူမှာ နာမည်ပျက်ခဲ့ရသေးသည်။

စင်္ကာပူ စုံစမ်းစစ်ဆေးရေးအဖွဲ့က တီမောအသင်းမှ အခြားတာဝန်ရှိသူများအနေနှင့် စုံစမ်းမှုအပေါ် ပူးပေါင်းပါဝင်ရန် ညွှန်ကြားထားခဲ့သည်။

U Myo Thant

<< Back SEA Games News


Advertisement
Here