Ligue-1 News

ဘာဘာတော့ဗ် မိုနာကိုမှထွက်မည်

Jun 02 , 2015

ပြင်သစ် လိဂ်ဝမ်းကလပ်ဖြစ်သော မိုနာကိုအသင်းက တိုက်စစ်မှူး ဘာဘာတော့ဗ်မှာ အသင်းကိုစွန့်ခွာသွားတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဘာဘာတော့ဗ်မှာ ၂၀၁၄ ဇန်န၀ါရီတွင် ဖူလ်ဟမ်မှ မိုနာကိုသို့ ရောက်ရှိလာသူဖြစ်ပြီး လိဂ်ဝမ်းပွဲစဉ် ၃၈ ပွဲတွင် ၁၃ ဂိုး သွင်းယူနိုင်ခဲ့သည်။

မိုနာကိုအသင်း ဥက္ကဌ ဗာဆီယက်ဗ်က "မိုနာကိုတွင်ရှိနေစဉ်အတွင်း အကောင်းဆုံးကြိုးစားပေးခဲ့သည့်အတွက် ဘာဘာတော့ဗ်ကို အသိအမှတ်ပြုကျေးဇူး တင်ပါကြောင်း၊ ကလပ်အသင်းအတွက် ယူဆောင်ပေးလာနိုင်ခဲ့သည်များအပေါ်တွင်လည်း ဂုဏ်ယူပါကြောင်းနှင့် သူ၏အနာဂတ်တွင် အကောင်းဆုံးအရာများ ရရှိလာပါစေကြောင်း ဆုတောင်းပါသည်" ဟု ပြောဆိုခဲ့သည်။

စပါး၊ မန်ယူတို့တွင်လည်း ကစားခဲ့ဘူးသူ ဘာဘာတော့ဗ်မှာ သူကျင်လည်ခဲ့ဘူးရာ ပရီးမီးယားလိဂ်သို့ ပြန်လာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး သူ့ကို ခေါ်ယူလိုသည့်ကလပ်မှာ ချန်ပီယံရှစ်တွင် ဗိုလ်စွဲပြီး ပရီးမီးယားသို့ တန်းတက်လာသော ဘိုနာမောက်အသင်းဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here