World CUp 2014 News

ပြဿနာရှာခဲ့သည့် ဆွာရက်ဇ်

Jun 25 , 2014

ပြဿနာကစားသမားအဖြစ် လူသိများသည့် ဥရုဂွေးအသင်းမှ လီဗာပူးတိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်သည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ တွင်လည်း နောက်ထပ်ပြဿနာတစ်ခု ဖန်တီးခဲ့ပြီ ဖြစ်သည်။

အုပ်စု D ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် အီတလီအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ဆွာရက်ဇ်သည် အီတလီအသင်း မှ နောက်ခံကစားသမား ချီလီနီ၏ ပခုံးကို ကိုက်ခဲ့ခြင်း ဖြစ်သည်။ ချီလီနီသည် သူ၏ပခုံးမှ ဒဏ်ရာအား ဒိုင်လူကြီးထံ သို့ ပြသခဲ့သော်လည်း ဒိုင်လူကြီးမှ ဆွာရက်ဇ်အား တစ်စုံတစ်ရာအရေးယူခြင်း မရှိခဲ့ပေ။

သို့သော် ရုပ်သံအနှေးပြကွက်များအရ ဆွာရက်ဇ်အနေဖြင့် ချီလီနီအား ကိုက်ခဲ့သည်မှာ ထင်ရှားခဲ့ပြီး ဖီဖာမှ အဆိုပါဖြစ်ရပ်အား စုံစမ်းသွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ဖလားပွဲ၌ ပွဲအများဆုံးအပယ်ခံရသည့် ကစားသမားမှာ အီတလီအသင်း မှ မော်ရိုတက်ဆော့တီ ဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းမှ လူးဝစ္စအင်းနရစ်အား နှာခေါင်းရိုးကျိုးအောင် လက်သီးဖြင့် ထိုးခဲ့သဖြင့် ၈ပွဲ ပယ်ခံခဲ့ရသည်။

ဒုတိယပွဲပယ်ခံရမှု အများဆုံးကစားသမားမှာ ပြင်သစ်အသင်း၏ ဂန္တ၀င်ကစားသမား ဇီဒန်းဖြစ်ပြီး ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လု ပွဲတွင် အီတလီအသင်းမှ နောက်ခံကစားသမား မာတာရာဇီ အား ခေါင်းဖြင့်တိုက်ခဲ့သည့်အတွက် ၃ ပွဲပယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဖီဖာအနေဖြင့် ဆွာရက်ဇ်၏ အပြုအမူအတွက် စုံစမ်းမှုပြုလုပ်သွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ဆွာရက်ဇ်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အများဆုံးပွဲပယ် ခံရမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး ၂၄ ပွဲ သို့မဟုတ် ၂ နှစ် ပွဲပယ် ခံရဖွယ် ရှိသည်။

www.livescore.com




<< Back World CUp 2014 News


Advertisement
Here