SEA Games News

မြန်မာနည်းပြအပြော

Jun 03 , 2015

မြန်မာအသင်းအနေနဲ့ ယမန်နေ့ကပွဲ အနိုင်ရတဲ့အပေါ်မှာ သာယာနေစရာ မရှိပါဘူး။

ပရိသတ်အားက ယမန်နေ့ နိုင်ပွဲအပေါ် ၁၀၀ % ရာခိုင်နှုန်းပြည့် အရေးပါခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲ ကွင်းထဲ လာအားပေးတဲ့ ပရိသတ်ရော ရုပ်သံကနေ ကြည့်ရှုအားပေးကြတဲ့ မြန်မာပြည်က ပရိသတ်ကိုပါ အရမ်းပဲ ကျေးဇူးတင်ပါတယ်။

မြန်မာအသင်းအနေနဲ့ တစ်ပွဲပြီးတစ်ပွဲကိုပဲ ပြင်ဆင်သွားမှာပါ။ ပြိုင်ဘက် အင်ဒိုနီးရှား အသင်းအကြောင်းတော့ အားနည်းချက် အားသာချက် မဝေဖန်လိုပါဘူး။

ကိုယ့်အသင်းအကြောင်းပဲ ကိုယ်ဘယ်အရာအားနည်းတယ် အားသာတယ် ပြင်ဆင်လေ့လာသွားမှာပါ။ စင်ကာပူနဲ့ပွဲအတွက်လည်း ပုံမှန်အတိုင်းပဲ လေ့ကျင့်သွားမှာပါ။

နားရက်တစ်ရက်ပဲ ရှိပေမယ့် ဒါဟာ ပွဲစဉ်ဇယားအတိုင်းပဲ ယှဉ်ပြိုင်ရတာမို့ ဘာမှမပြောလိုပါဘူး။ အသင်းတွေအားလုံး ဒီအတိုင်းပဲ ယှဉ်ပြိုင်ရတာပါပဲဟု ပြောဆို သွားခဲ့သည်။

(သတင်း+ဓါတ်ပုံ MFF)

U Myo Thant

<< Back SEA Games News


Advertisement
Here