World CUp 2014 News

ဂုဏ်ယူနေသည့် ဆာမာရက်စ်

Jun 25 , 2014

ဂရိအသင်း၏ ၀ါရင့်တိုက်စစ်မှူး ဂျော်ဂျီးရက်စ်ဆာမာရက်စ်က မိမိတို့အသင်းအနေဖြင့် ကမ္ဘာ့ဖလားအုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်တွင် အိုင်ဗရီကို့စ်အသင်းအား အနိုင်ရရှိကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အတွက် ၀မ်းမြောက် မိကြောင်း ပြောကြားခဲ့သည်။

သူသည် အဆိုပါ အိုင်ဗရီကို့စ်အသင်းအား ၂-၁ ဖြင့်အနိုင်ရခဲ့သော ပွဲစဉ်တွင် နာကျင်အချိန်ပို၌ ပင်နယ်တီအား သွင်းယူခဲ့ကာ အသင်းအား ရှုံးထွက်အဆင့်သို့ တက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ဆာမာရက်စ်က မိမိတို့အသင်းအနေဖြင့် ထိုပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း အောင်မြင်မှုနှင့်ထိုက်တန်ကာ အကောင်းဆုံးမွန်ဆုံး ပုံစံ ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဒီပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။

နောက်ဆုံး မိနစ် ၂၀ မှာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် နိုင်ပွဲရရှိမှဖြစ်မယ်ဆိုတာ သိခဲ့ရပြီး အကောင်းဆုံးကြိုးစား ခဲ့ပါတယ်။ ကျွန်တော်တို့အစွမ်းကုန် တတ်နိုင်သလောက်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်က ကံကောင်းခြင်းတွေကို ယူဆောင်ပေးခဲ့ပါပြီ။ အခုနိုင်ပွဲအတွက် ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ဂုဏ်ယူမိသလို အားပေးနေတဲ့ပရိသတ်တွေကိုလည်း အပြုံးတစ်ခု ပြန်လည်ပေးနိုင်ခဲ့ပါတယ်" ဟု ဆာမာရက်စ်မှ ပြောကြားသွားခဲ့သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here