SEA Games News

အရေးကြီးပွဲစဉ်နှင့် မြန်မာ ယူ-၂၃

Jun 04 , 2015

၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှာ ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီတွင် အိမ်ရှင် စင်္ကာပူအသင်းနှင့် အရေးကြီးပွဲစဉ်ကို ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

မြန်မာနှင့် စင်္ကာပူတို့မှာ တစ်ပွဲစီနိုင်ထားသော အသင်းများဖြစ်သည့်အတွက် ယခုပွဲတွင် အနိုင်ရရှိသူမှာ နောက်တစ်ဆင့်တက်ရေးအတွက် ပိုမို၍ မျှော်လင့်ချက် ထားနိုင်မည် ဖြစ်သည်။

မြန်မာအသင်းမှာ ဇွန်လ ၂ ရက်နေ့က အင်ဒိုနီးရှားကို ၄း၂ ဖြင့် နိုင်ခဲ့ပြီး စင်္ကာပူက ဇွန်လ ၁ ရက်နေ့ပွဲစဉ်တွင် ဖိလစ်ပိုင်ကို ၁းဝ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအနေနှင့် အုပ်စုတွင်းတွင် သွင်းဂိုးအများဆုံးရရှိထားသဖြင့် လောလောဆယ် အုပ်စုထိပ်တွင်ရှိနေသည့်အသင်း ဖြစ်သည်။

မြန်မာအသင်းမှာ ယခုပွဲပြီးလျင် ဇွန်လ ၇ ရက်နေ့၌ ၂ ပွဲဆက် ရှုံးထားသူ ဖိလစ်ပိုင်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၁၀ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here