SEA Games News

မြန်မာ၊ ဗီယက်နမ်နှင့်ထိုင်းတို့ အနိုင်ရ

Jun 05 , 2015

၂၀၁၅ စင်္ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲများကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ရာ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းတို့အနိုင်ရရှိခဲ့သည်။

ဘီရှန်အားကစားကွင်းတွင် ကျင်းပခဲ့သော ပွဲစဉ်များတွင်အုပ်စု B မှ ထိုင်းနှင့် မလေးရှား၊ ဗီယက်နမ်နှင့် လာအိုတို့ကစားခဲ့ကြရာ ထိုင်းနှင့် ဗီယက်နမ်တို့က ပြိုင်ဘက်များကို ၁းဝ ရလဒ်များဖြင့် အနိုင်ရရှိသွားခဲ့သည်။

ထိုနိုင်ပွဲများကြောင့်ထိုင်းနှင့် ဗီယက်နမ်တို့မှာ ၃ ပွဲစီကစားပြီးတွင် ၉ မှတ်စီဖြင့် နောက်တစ်ဆင့်တက်ရန်သေချာ သွားခဲ့ပြီ ဖြစ်သည်။

ထိုအုပ်စုမှ ထိုင်းနှင့်ဘရူနိုင်းတို့မှာ လာမည့် ၆ ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

ဂျာလန်ဘီဆာအားကစားကွင်းတွင် ကျင်းပခဲ့သော အုပ်စု A ပွဲစဉ်တွင်မြန်မာကစင်္ကာပူကို ၂း၁ ဖြင့်အနိုင်ရရှိခဲ့သဖြင့် မြန်မာက ၂ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုကိုဦးဆောင်နေပြီး မနက်ဖြန် ၆ ရက်နေ့တွင် ၃ မှတ်ရထားသော ကမ္ဘောဒီးယားနှင့် အမှတ်မရရှိသေးသော အင်ဒိုနီးရှားတို့ ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းမှာ မေလ ၇ ရက်နေ့ည ၇ နာရီတွင် အုပ်စုအောက်ဆုံးမှ ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

U Myo Thant

<< Back SEA Games News


Advertisement
Here