World CUp 2014 News

အီတလီနည်းပြ ရာထူးမှနှုတ်ထွက်မည်

Jun 25 , 2014

အီတလီအသင်းနည်းပြ ပရန်ဒယ်လီက မိမိတို့အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အသက် ၅၆ နှစ်အရွယ် ပရန်တယ်လီသည် အီတလီအသင်းအား ၂၀၁၀ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီးနောက် အသင်းအား အကောင်းဆုံးပုံစံဖြင့်ကိုင်တွယ်ခဲ့ကာ ယူရို ၂၀၁၂ တွင် ဗိုလ်လုပွဲအထိ တက်ရောက်စေရန်အတွက် နည်းပြနိုင်ခဲ့သည်။ "ကျွန်တော် ရာထူးက နှုတ်ထွက်တာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ယုံကြည်မိပါတယ်။ ကျွန်တော်အသင်းနှင့် စာချုပ်သက်တမ်းအသစ် ချုပ်ဆိုခဲ့ပြီးတဲ့အချိန်မှာ တစ်ခုခုပြောင်းလဲ ခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတာလည်း ကျွန်တော်မသိပါဘူး။

အခုလို နှုတ်ထွက်မည့်အကြောင်းကို အီတလီဘောလုံးအဖွဲ့ချုပ်ထံ တင်ပြခဲ့ပြီး ဒုဥက္ကဌ အဲဗာတီနီ ဆီကိုလည်း နှုတ်ထွက်စာ ပို့ခဲ့ပါပြီ" ဟု ပရန်ဒယ်လီမှ ပြောကြားသွားခဲ့သည်။ ပရန်ဒယ်လီသည် ပြီးခဲ့သည့်မေလအတွင်းက အီတလီအသင်းနှင့် စာချုပ်သက်တမ်း အသစ် ချုပ်ဆိုခဲ့ကာ ယူရို ၂၀၁၆ အထိ အသင်းကိုကိုင်တွယ်ရန်အတွက် သဘောတူညီမှု ရယူနိုင်ခဲ့သူဖြစ်သော်လည်း ယခု အီတလီအသင်း၏ ရှုံးနိမ့်မှုကြောင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here