La-liga News

အခွန်ရှောင်မှုဖြင့် နေမာအစစ်ခံရမည်

Jun 06 , 2015

ဘာစီလိုနာမှ ဘရာဇီးတိုက်စစ်မှူးနေမာမှာ အခွန်တိမ်းရှောင်မှုဖြင့် ဘရာဇီးအခွန်ဌာနတာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုကို ခံရမည်ဖြစ်သည်။

ဘရာဇီး မဂ္ဂဇင်း အီပိုကာ၏ ဖော်ပြချက်အရ ဘရာဇီး ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်စစ်ဆေးရေးအရာရှိများသည် ပေါင် ၂၅ သန်း အခွန် တိမ်းရှောင်နေသည်ဟု စွပ်စွဲခံထားရသော နေမာအပေါ် စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

နေမာနှင့်အတူ သူ၏ မိသားစုများကိုပါ ၂၀၁၁ မှ ၂၀၁၄ အတွင်း အခွန် ပေါင် ၂၅ သန်း အခွန်ရှောင်ထားမှုအပေါ် စစ်ဆေးမည်ဖြစ်သည်။

၂၀၁၃ တွင် ဘာစီလိုနာသို့ ပြောင်းရွေှ့ခဲ့သည့် ပြောင်းရွေှ့ကြေးနှင့် ပတ်သက်၍လည်း အသင်းဟောင်း ဆန်းတို့စ်မှာ ဥပဒေကြောင်းအရ အရေးယူခံရဦးမည်ဖြစ်သည်။

ဘာစီလိုနာမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာလည်း အခွန်ရှောင်သည်ဟူသော စွပ်စွဲချက်များကို ဖြေရှင်းခဲ့ရဘူးသည်။

U Myo Thant




<< Back La-liga News


Advertisement
Here