EPL News

အာဆင်နယ်သို့ ပြန်မည်မဟုတ်သော ဗီလာ

Jun 25 , 2014

အာဆင်နယ်အသင်းမှ ပေါင် ၃.၅ သန်းဖြင့် ပြန်လည်ခေါ်ယူခွင့် ရှိနေသည့် ရီးရဲလ်ဆိုစီဒက်အသင်းမှ တိုက်စစ်ကစားသမား ကားလို့စ်ဗီလာသည် အာဆင်နယ်အသင်းကို ငြင်းပယ်ခဲ့ကာ ဆိုစီဒက်အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုခဲ့ပြီ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ကားလို့စ်ဗီလာအား ယခုနွေရာသီတွင်ပြန်လည်ခေါ်ယူရန် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သော်လည်း ကစားသမားက ဆိုစီဒက်အသင်းနှင့် လေးနှစ်စာချုပ် တိုးမြှင့်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဆိုစီဒက်အသင်းသည် ကားလို့စ်ဗီလာအား ၂၀၁၂ ခုနှစ်က အာဆင်နယ်အသင်းထံမှ ပေါင် ၈.၈ သန်းဖြင့် ခေါ်ယူခဲ့ပြီး ကစားသမား၏ခြေစွမ်းအပေါ် မူတည်၍ ထပ်မံတိုးမြှင့်ပေးရမည်ဟု သဘောတူညီခဲ့သလို အာဆင်နယ်အသင်းမှလည်း ကားလို့စ် ဗီလာအား ပြန်လည်ခေါ်ယူလိုပါက ပေါင် ၃.၅ သန်းဖြင့် ပြန်လည်ခေါ်ယူနိုင် သည်ဟူသည့် အချက်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။

သူသည် ပြီးခဲ့သည့်ရာသီက ဆိုစီဒက်အသင်း အဆင့် ၇ ရခဲ့သည့်နေရာတွင် အဓိက နေရာမှ ပါဝင်ခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းမှ ပြန်လည်ခေါ်ယူရန် သတင်းများထွက်ပေါ်ခဲ့ရာမှ ဆိုစီဒက်အသင်းတွင် ဆက်ရှိခဲ့ခြင်းဖြစ်သည်။ "ဆိုစီဒက် အသင်းဟာ ကျွန်တော့်အိမ်ဆိုတာ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို အသင်းရဲ့ ဥက္ကဌကို လည်းပြောပြခဲ့ပြီး အခုတော့ ကျွန်တော်ပျော်ရွှင်ခဲ့ပါပြီ။ ဒီအသင်းမှာ အသင်းဖော်တွေနဲ့အတူတူ ပိုမိုကောင်းမွန်အောင် ကြိုးစား သွားမှာပါ" ဟု ကားလို့စ်ဗီလာမှ ပြောကြားသွားခဲ့သည်။

 

Cho Phyu Aye




<< Back EPL News


Advertisement
Here