La-liga News

တန်းဆင်းရသော အဲလ်ချီ

Jun 06 , 2015

လာလီဂါကလပ်အဲလ်ချီမှာ ရာသီအကုန်တွင် အဆင့် ၁၃ ၌ ရပ်တည်နိုင်ခဲ့သော်လည်း အခွန်ငွေနှင့် လစာများ ပေးချေနိုင်မှု မရှိခြင်းကြောင့် လာလီဂါမှ ဆီဂန်ဒါအဆင့်သို့ တန်းဆင်းသွားရပြီ ဖြစ်သည်။

အဆင့် ၁၃ ရခဲ့သဖြင့် တန်းဆင်းရမည့်ဘေးမှ ကင်းဝေးခဲ့သော်လည်း ပေးဆောင်ရမည့်အခွန်ငွေ မပေးနိုင်မှုနှင့် အသင်းကစားသမားများကို လပေါင်းများစွာ လစာ မပေးချေနိုင်မှုတို့ကြောင့် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်း ကော်မတီက အသင်းကို ဆီဂန်ဒါအဆင့်သို့ ဆင်းကစားရန်နှင့် ဒဏ်ငွေယူရို ၁၈၀၃၀၃၆၃ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

အဲလ်ချီအသင်းမှာ ၂၀၁၂-၁၃ တွင်ဆီဂန်ဒါအဆင့် ချန်ပီယံဖြစ်ခဲ့ပြီးနောက် လာလီဂါသို့တန်းတက်ခဲ့ရကာ ယခု ၂၀၁၅-၁၆ တွင် ဆီဂန်ဒါသို့ ပြန်ဆင်း လာရပြန်ခြင်း ဖြစ်သည်။

၂၀၁၃-၁၄ တွင် တန်းဆင်းအသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက် အသာရမှုကြောင့် လာလီဂါတွင် ဆက်နေခွင့်ရခဲ့ပြီး ၂၀၁၄-၁၅ တွင်အဆင့် ၁၃ ရခဲ့သော်လည်း အခြားပြစ်ဒဏ်များအရ တန်းဆင်းပေးခဲ့ရခြင်း ဖြစ်သည်။

အဲလ်ချီတန်းဆင်းရမှုကြောင့် ၂၀၁၄-၁၅ တွင် အဆင့် ၁၈  ဖြင့်တန်းဆင်းရသည့် အိုင်ဘာအသင်းမှာ လာလီဂါတွင် ပြန်ကစားခွင့် ရခဲ့ပြီ  ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here