SEA Games News

တိုင်ပင်နေသော ဖာဂူဆန်နှင့် ဗန်ဂေါလ်

Jun 06 , 2015

မန်ယူအသင်း၏ လာမည့်ရာသီအစီအစဉ်များနှင့် ပတ်သက်၍ နည်းပြ ဗန်ဂေါလ်နှင့် နည်းပြဟောင်း ဖာဂူဆန်တို့မှာ ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးသွားပြီးနောက် ထိုနည်းပြ ၂ ဦးမှာ ၎င်းတို့၏ ဇနီးသည်များလိုက်ပါ၍ ဗန်ဂေါလ် သဘောကျသည့် တရုတ်စားသောက်ဆိုင်တစ်ခုတွင် အတူတကွညစာစားခဲ့ပြီး အသင်းရှေ့ရေးအတွက် မည်သို့ ခရီးဆက်မည်ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

နည်းပြ ဗန်ဂေါလ်မှာ ယခုအပြောင်းအရွေှ့ကာလတွင် အသုံးစရိတ် ပေါင် သန်း ၂၀၀ ရရှိထားပြီး ဖာဂူဆန်၏ အကြံဥာဏ်များနှင့်အတူ ကစားသမားဝယ်ယူ ရောင်း ထုတ်ရေးများအတွက် မကြာမခဏ တွေ့ဆုံညှိနှိုင်းကြကြောင်း သိရသည်။

ဗန်ဂေါလ်နှင့်အတူ ဖာဂူဆန်တို့မှာ နာမည်ကြီးနည်းပြများအဖြစ် အသီးသီးအောင်မြင်နေချိန်တွင် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သူများ ဖြစ်ကြသည်။

UEFA နည်းပြများဆိုင်ရာ သံတမန်တစ်ဦးဖြစ်သည့် ဖာဂူဆန်မှာ ယနေ့ည ဘာလင်တွင်ယှဉ်ပြိုင်မည့် ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့၏ ချန်ပီယံလိဂ်ဖိုင်နယ်သို့ တက်ရောက်ကြည့်ရှုဦးမည်ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here