SEA Games News

ရွှေတံဆိပ်စရသော မြန်မာ

Jun 06 , 2015

၂၀၁၅ ဆီးဂိမ်းတွင် မြန်မာအသင်းမှာ ယနေ့ ဇွန်လ ၆ ရက်နေ့၌ ရွှေတံဆိပ်စတင်ရရှိခဲ့ပြီဖြစ်သည်။

ယနေ့ စတင်ကျင်းပသော ကနူး လှေလှော်ပြိုင်ပွဲတွင် C2- မီတာ ၁၀၀၀ ပွဲစဉ်တွင် မြန်မာအသင်းက ရွှေတံဆိပ် စတင်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းတွင် အောင်မြင်မှုရခဲ့သော လှေလှော်အားကစားနည်းဖြင့် ယခု ၂၀၁၅ ဆီးဂိမ်းတွင်လည်း နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်းကနူး လှေလှော်ပြိုင်ပွဲ C1- မီတာ ၁၀၀၀ ပွဲစဉ်တွင် သန့်ဇင်ဦးက ငွေတံဆိပ်၊ K1- မီတာ ၁၀၀၀ ပြိုင်ပွဲတွင် အောင်မျိုးသူက ကြေးတံဆိပ်နှင့် အသင်းလိုက် K4- မီတာ ၁၀၀၀ ပွဲစဉ်တွင် မြန်မာက ကြေးတံဆိပ် စုစုပေါင်း ဆုတံဆိပ် ၄ ခု ရရှိပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ညနေ ၄ နာရီ အထိ နောက်ဆုံးရရှိထားသည့် သတင်းအရ မြန်မာအသင်းမှာ နောက်ထပ်ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ထပ်မံရရှိခဲ့ကြောင်း သိရသည်။

ရိုးရာလှေလှော်ပြိုင်ပွဲ TBR 6 မီတာ ၂၀၀ အမျိုးသားအသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတို့တွင် ငွေတံဆိပ်တစ်ခုစီနှင့် TBR 12 မီတာ ၂၀၀ အမျိုးသားအသင်းလိုက်နှင့်အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတို့တွင် ကြေးတံဆိပ်တစ်ခုစီ ရရှိခဲ့ကြသည်။

ထို့ကြောင့် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် မြန်မာလှေလှော်အဖွဲ့က စုစုပေါင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် လေးခု စုစုပေါင်း ဆုတံဆိပ် ၈ ခု ရရှိခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here