World CUp 2014 News

ချီးကျူးခဲ့သည့် ရှာကွီရီ

Jun 26 , 2014

ဆွစ်ဇာလန်အသင်း၏ တောင်ပံကစားသမား ရှာကွီရီသည် မနေ့ကယှဉ်ပြိုင်ခဲ့သည့် ဟွန်ဒူးရပ်စ်အသင်းနှင့်ပွဲစဉ်တွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော်များကို ချီးကျူးပြောဆိုမှု ပြုလုပ်သွားခဲ့ သည်။

ဘိုင်ယန်မြူးနစ်ကစားသမား ရှာကွီရီသည် အဆိုပါပွဲစဉ်တွင် ၆ မိနစ်၊ ၃၁ မိနစ်နှင့် ၇၁ မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့ကာ အသင်းအား ၁၆ သင်းရှုံးထွက်အဆင့်သို့ ရောက်ရှိစေရန် စွမ်းဆောင်ပေးနိုင် ခဲ့သည်။

အဆိုပါပွဲ အပြီးတွင် ရှာကွီရီအား ပွဲရလဒ်ကို ပြောင်းလဲစေသည့်ကစားသမားအဖြစ် ရည်ညွှန်းမှုများပြုလုပ်ခဲ့သော်လည်း ရှာကွီရီကမူ အသင်းဖော်များ၏ ပံ့ပိုးမှုကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်ဟာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုမပါပဲနဲ့ ၃ ဂိုးမသွင်းနိုင်ပါဘူး။ အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဟာ ဒီဖြစ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော့်တို့အသင်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးစာပေးခဲ့တဲ့ အသင်းဖော်တွေအတွက် ပိုပြီး ဂုဏ်ယူမိပါတယ်"  ဟု ရှာကွီရီမှ ပြောကြားသွားခဲ့သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here