SEA Games News

ရွှေတံဆိပ် ၇ ခုရထားသော မြန်မာ

Jun 08 , 2015

စင်င်္ကာပူတွင် ကျင်းပနေသော ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းမှာ ယမန်နေ့ ဇွန်လ ၇ ရက် ပွဲစဉ်များအပြီးတွင် ရွှေတံဆိပ် ၇ ခု ရရှိထားပြီဖြစ်သည်။

ဇွန်လ ၆ ရက်နေ့ပွဲစဉ်များတွင် အမျိုးသား နှစ်ယောက်တွဲက နူးလှေပြိုင်ပွဲတွင် ရွှေတံဆိပ် စတင်ရရှိခဲ့ပြီး ခြင်းလုံးနှင့် ၀ူရှုးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်များ ထက်မံရရှိခဲ့သည်။

ဇွန်လ ၇ ရက်နေ့တွင် ဂျူဒိုပြိုင်ပွဲဝင် ရန်နိုင်စိုးက ရွှေတံဆိပ်ရရှိခဲ့ပြီး ခြင်းလုံး၊ ရိုးရာလှေပြိုင်ပွဲနှင့် ၀ူရှုးပြိုင်ပွဲတို့မှ ရွှေတံဆိပ်များ ရရှိခဲ့သဖြင့် လက်ရှိ အချိန်တွင် မြန်မာအသင်းမှာ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၀ ခု နှင့် ကြေးတံဆိပ် ၉ခု စုစုပေါင်း ဆုတံဆိပ် ၂၆ ခု ရရှိထားပြီဖြစ်သည်။

နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုတွင် အိမ်ရှင်စင်င်္ကာပူက ထိပ်ဆုံးမှ ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here