SEA Games News

နောက်တစ်ဆင့်တက်သော မြန်မာ ယူ-၂၃

Jun 08 , 2015

၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှာ ယမန်နေ့က ဖိလစ်ပိုင်နှင့် ပွဲတွင် ၅း၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်တက်ရန် သေချာသွားခဲ့ပြီ ဖြစ်သည်။

ဆီးဂိမ်း ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှ ယူ-၂၃ အသင်းများမှာ အုပ်စု A  နှင့် B ခွဲ၍ ယှဉ်ပြိုင် ကစားနေခြင်းဖြစ်ပြီး အုပ်စု A မှ မြန်မာမှာ ၃ ပွဲကစား ၉ မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့ခြင်း ဖြစ်သည်။

အခြားအသင်းများမှာ စင်င်္ကာပူ ၃ မှတ်၊ အင်ဒိုနီးရှား ၃ မှတ်၊ကမ္ဘောဒီးယား ၃ မှတ်၊ ဖိလစ်ပိုင် သုည တို့ဖြစ်ကြပြီး ယနေ့တွင် စင်င်္ကာပူနှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

၆ သင်း ပါဝင်သော အုပ်စု B တွင် ဗီယက်နမ်နှင့် ထိုင်းတို့က ၄ ပွဲကစား ၁၂ မှတ် စီရထားကာ ဆီမီးအဆင့်သို့ တက်ရန် သေချာသွားပြီ ဖြစ်ပြီး ၃ မှတ်စီသာ ရထားသော မလေးရှား၊ တီမော၊ လာအိုနှင့် အမှတ်မရသေးသော ဘရူနိုင်း တို့မှာ လက်ကျန်ပွဲများရှိသေးသော်လည်း မျှော်လင့်ချက် ကုန်ဆုံးခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here