La-liga News

ဗီဒယ်ကိုခေါ်တဲ့ ဘာစီလိုနာ

Jun 08 , 2015

ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ၂၄ နာရီ မပြည့်မီမှာပင် ဘာစီလိုနာ အသင်းသည် ဈေးဦးပေါက် ခေါ်ယူမှု အဖြစ် ဆီဗီးလားမှ အဲလက်စ်ဗီဒယ်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

၆ နှစ်အတွင်း ဖလား ၃ လုံး ၂ ကြိမ် ရသောဘာစီလိုနာ အသင်းမှာ လာမယ့် ရာသီချန်ပီယံဘွဲ့များ ကာကွယ်ရေးအတွက် စတင်ပြင်ဆင်သည့် အနေနှင့် ယခုကဲ့သို့ ကစားသမားအသစ်တစ်ဦးကို စတင်ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

ဗီဒယ်သည် ဘာစီလိုနာနှင့် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး  ၂၀၁၅ အတွင်း ကစားသမား ခေါ်ယူမှု ပိတ်ပင်ခံထားရသည့် ဘာစီလိုနာအနေနဲ့ ဗီဒယ်ကို လာမည့် ၂၀၁၆ ဇန်န၀ါရီမှသာ တရားဝင်ကစားခွင့် ပေးနိုင်မည်ဖြစ်သည်။

အသက် ၂၅ နှစ် ရှိပြီဖြစ်သော ဗီဒယ်မှာ ယခင်က အယ်မီးရီးယားတွင် ကစားခဲ့ဘူးသူဖြစ်ပြီး ယူရိုပါလိဂ်ချန်ပီယံ ဆီဗီးလားနှင့် သက်တမ်း ၁ နှစ်သာကျန်တော့သည့် အချိန်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

သူသည် စပိန်လက်ရွှေးစင် အသင်းအတွက် စတင်ကစားခွင့် ရမည်ဖြစ်ပြီး ကော်စတာရီကာ၊ ဘယ်လာရူစ် တို့နှင့်ပွဲများတွင် ပါဝင်တော့မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here