SEA Games News

ရွှေထပ်ရသော မြန်မာ

Jun 09 , 2015

၂၀၁၅ စင်င်္ကာပူဆီးဂိမ်း ပြိုင်ပွဲ၏ ယမန်နေ့ပွဲစဉ်များတွင် မြန်မာအသင်းက ရွှေတံဆိပ် ၂ ခု ထက်မံရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းမှ ၀ူရှုးပြိုင်ပွဲတွင် စန္ဒီဦးက ပထမရွှေတံဆိပ်ရခဲ့ပြီး ဂျူဒိုပြိုင်ပွဲ ၄၈ ကီလိုတန်းတွင် ခင်မျိုးသူက ရွှေတံဆိပ် ထက်မံရရှိခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ညနေပိုင်းအထိ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များက ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ် ၁၆ ခု စုစုပေါင်း ဆုတံဆိပ် ၄၀ ရရှိထားပြီ ဖြစ်ကြောင်းသိရသည်။

ဘောလုံးပြိုင်ပွဲများတွင် အုပ်စု A မှ မြန်မာအသင်းနှင့် ကမ္ဘောဒီးယား၊ အုပ်စု B မှဗီယက်နမ်နှင့် ထိုင်းတို့မှာ မနက်ဖြန်ဇွန်လ ၁၀ ရက်နေ့ မြန်မာစံတော်ချိန်ည-၇ နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ယင်းပွဲစဉ်များအပြီးတွင် မြန်မာအသင်းအနေနှင့် ဆီမီးတွင် ထိုင်းနှင့်ဆုံမည် (သို့မဟုတ်) ဗီယက်နမ်နှင့် ကစားရမည်ဆိုသည်ကို အဖြေပေါ်လာမည် ဖြစ်သည်။

 

U Myo Thant




<< Back SEA Games News


Advertisement
Here