World CUp 2014 News

ဂျပန်နည်းပြ နှုတ်ထွက်

Jun 26 , 2014

ဂျပန်လက်ရွေးစင် အသင်းနည်းပြ အဲဗာတိုဇက်ခရိုနီသည် မိမိတို့အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် နည်းပြရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါ အီတလီလူမျိုးနည်းပြ ဇက်ခရိုနီသည် ဂျပန်အသင်းအား ၂၀၁၀ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ကာ အာရှဖလားအား ရယူပေးနိုင်ခဲ့သော်လည်း ပြည်ပပြိုင်ပွဲများတွင် ရလဒ်များမကောင်းခဲ့ဘဲ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲ၌လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ဂျပန်အသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု C ၌ကျရောက်ခဲ့ပြီး ရမှတ် ၁ မှတ်သာ ရရှိကာ အုပ်စုအောက်ဆုံးနေရာ၌ ရောက်ရှိခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော် ဒီရလဒ်ကို ကျေနပ်မှုမရခဲ့သလို ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိပါတယ်။ ကျွန်တော်ဟာ အသင်းကို ရှုံးထွက်အဆင့် ထိ ရောက်အောင် ရည်မှန်းထားပေမယ့် ရလဒ်ကတော့ ဆိုးဝါးခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ လူစာရင်းကို ရွေးချယ်ခဲ့တာ ကျွန်တော်ဖြစ်ပြီး နည်းစနစ်ပိုင်းနဲ့ ဘယ်လိုကစားရမယ်ဆိုတာ ချမှတ်ခဲ့တာ ကျွန်တော်ဖြစ်တဲ့အတွက် တာဝန်အပြည့်ရှိပါတယ်။ ကျွန်တော်အသင်းနည်းပြ ဖြစ်ခဲ့ရတာဟာ ဂုဏ်ယူမိပြီး ရှေ့ဆက်ဒီထက်ကောင်းမွန်ပါစေလို့ ဆုတောင်းပါတယ်" ဟု အဲဗာတို ဇက်ခရိုနီမှ ပြောကြားသွားခဲ့သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here