La-liga News

ဘာစီလိုနာတွင် အင်းနရစ်ခ်ျဆက်ရှိမည်

Jun 10 , 2015

ဘာစီလိုနာနည်းပြ အင်းနရစ်ခ်ျသည် အသင်းနှင့် ၂၀၁၇ အထိသက်တမ်းတိုး စာချုပ်ချူပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သော အင်းနရစ်ခ်ျမှာ ဘာစီလိုနာကို ၂၀၁၄-၁၅ ရာသီအစတွင်း ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် စပိန်ဘုရင့်ဖလားများ ရရှိခဲ့သူဖြစ်ပြီး  လွန်ခဲ့သော ၆ နှစ်က နည်းပြဂွာဒီယိုလာရယူပေးခဲ့သော စံချိန်ကိုအမှီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်းနရစ်ခ်ျမှာ ၂၀၁၄-၁၅ ရာသီအစတွင် မာတီနိုကိုဆက်ခံကာ နည်းပြအဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်ပြီး ဂျူဗင်တပ်ကို ၃း၁ ဖြင့်နိုင်ကာ ချန်ပီယံလိဂ်ဖလားရပြီး ချိန်တွင် မိမိအနာဂတ်ကို မပြောတက်သေးပါဟု ဆိုခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းမှာ ဖီဖာ၏အပြောင်းအရွှေ့ ပိတ်ပင်မှုပြစ်ဒဏ်ကို ခံနေရဆဲဖြစ်တာကြောင့် ယခုနွေရာသီ အပြောင်းအရွေ့တွင်  ကစားသမား ခေါ်ယူမှု ပြုနိုင်ဦးမည် မဟုတ်ပဲ ၂၀၁၆ ဇန်န၀ါရီမှသာ ခေါ်ယူနိုင်မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here