SEA Games News

ဆီးဂိမ်းမှ အဆုံးအဖြတ်ပွဲတစ်ပွဲ

Jun 10 , 2015

၂၀၁၅ စင်င်္ကာပူ ဆီဂိမ်းဘောလုံး ပြိုင်ပွဲတွင် အရေးကြီးပွဲစဉ် တစ်ပွဲဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့ပွဲစဉ်ကို ယနေ့ညနေ ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

ဗီယက်နမ်နှင့် ထိုင်းတို့မှာ ၆ သင်းပါအုပ်စု တွင် ၄ ပွဲစီကစားပြီးရာ၌ ၄ ပွဲလုံးစီအနိုင်ရထားကြပြီး ဂိုးကွာခြားချကိအရ ဗီယက်နမ်ကအုပ်စု ထိပ်တွင်ရှိနေသည်။

ယခုပွဲမှာ ထို ၂ သင်းအတွက် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ပြီး မည်သူအုပ်စုဗိုလ် ဖြစ်မည်ကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

ဗီယက်နမ်မှာ ၄ ပွဲတွင် ၁၆ ဂိုးသွင်း၊ ပေးဂိုး ၁ ဂိုးရရှိထားပြီး ထိုင်းကပေးဂိုးမရှိ၊ သွင်းဂိုး ၁၃ ဂိုးရရှိထားသော အသင်းဖြစ်သည်။

အကယ်၍ သရေကျခဲ့ပါက ထိုင်းအသင်းမှာ တစ်ဘက်အုပ်စု A မှ မြန်မာနှင့်တွေ့ရဖွယ်ရှိနေပြီး မြန်မာပါဝင်သော အုပ်စု A မှာ ပွဲစဉ်များမပြီးဆုံးသေးပဲ အရေးပါသော ပွဲတစ်ပွဲအဖြစ် အုပ်စုမှတက်ရေးအတွက် ၆ မှတ်စီရထားသော အိမ်ရှင်စင်င်္ကာပူနှင့် အင်ဒိုနီးရှားတို့မှာ မနက်ဖြန်တွင် အဆုံးအဖြတ်ပွဲအဖြစ် အကြိတ်အနယ် ကစားရအုံးမည် ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here