World CUp 2014 News

ရွန်းနီအား ထောက်ခံခဲ့သည့် ရှီးယား

Jun 26 , 2014

အင်္ဂလန်အသင်း၏ ဂန္တ၀င်တိုက်စစ်ကစားသမား အလန်ရှီးယားက အင်္ဂလန်အသင်း၏ အသင်းခေါင်းဆောင်အသစ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းမှ ၀ိန်းရွန်းနီအား ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

လက်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသည့် စတီဗင်ဂျာရတ်သည် အင်္ဂလန် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူရန်ဆုံးဖြတ်ခဲ့ပြီးနောက် လစ်ဟာနေသည့် အသင်း ခေါင်းဆောင် ရာထူးအတွက် စဉ်းစားလျှက် ရှိသည်။ ရွန်းနီသည် အင်္ဂလန်အသင်း၏ အကောင်းဆုံးကစားသမား မဟုတ်သော်လည်း အသင်းနှင့်အတူ ကာလကြာရှည် ကစားခဲ့ပြီး အတွေ့အကြုံ ပိုင်းက အသင်းအား အကောင်းမွန်ဆုံး စွမ်းဆောင်နိုင်မည်ဟု ယုံကြည်မိကြောင်း အလန်ရှီးယားမှ ပြောကြားခဲ့သည်။ "အင်္ဂလန် အသင်း ခေါင်းဆောင်ရာထူးဟာ ဖိအားတွေရှိမှန်း ကျွန်တော်သိပါတယ်။

ဒါပေမယ့် ရွန်းနီဟာ အတွေ့အကြုံနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်တာကြောင့် ဒီဖိအားတွေ ကို အကောင်းဆုံး ဖြေရှင်းပြီး အသင်းကို ဦးဆောင်သွားနိုင်မယ်လို့ ခံယူထားပါတယ် " ဟု အလန်ရှီးယားမှ ပြောကြားသွားခဲ့သည်။ ရွန်းနီသည် အင်္ဂလန်အသင်းအတွက် ၉၅ ပွဲ ပါဝင်ကစားထားပြီး ဂိုးပေါင်း ၄၀ သွင်းယူထားကာ အသင်း၏ တိုက်စစ်ကို အဓိကဦးဆောင်နေသည့် ကစားသမား တစ်ဦးလည်းဖြစ်သည်။

Cho Phyu Aye




<< Back World CUp 2014 News


Advertisement
Here