La-liga News

၆ လ ကားမမောင်းရတဲ့ မော်ရင်ဟို

Jun 11 , 2015

သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့သော ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကို ဒေသဆိုင်ရာ တရားရုံးက ဒဏ်ငွေပေါင် ၁၂၀၀ နှင်အတူ ကားမောင်းခွင့် ၆ လပိတ်ပင်လိုက်သော ပြစ်ဒဏ်ချမှတ်လိုက်သည်။

မော်ရင်ဟိုမှာလွန်ခဲ့သော စက်တင်ဘာလအတွင်းက တစ်နာရီမိုင် ၅၀ နှုန်းသာမာင်းရန်သတ်မှတ် ထားသောဇုန်အတွင်း မိုင် ၆၀ နှုန်းမောင်းနှင်ခဲ့သည်ကို စောင့်ကြည့် ကင်မရာမှတစ်ဆင့် ရဲတပ်ဖွဲ့ကသိရှိခဲ့ခြင်းဖြစ်သည်။

သူ၏လိုင်စင်တွင် ၉ မှတ်လျော့ခံရပြီး ဖြစ်သည့်မော်ရင်ဟိုက ယခုအပြစ်ဒဏ်အတွက် အယူခံဝင်မည် မဟုတ်ဟု ဆိုသကဲ့သို့ ချဲလ်ဆီးအသင်းဘက်မှလည်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

U Myo Thant




<< Back La-liga News


Advertisement
Here