SEA Games News

မြန်မာ ယူ၂၃ နည်းပြ ဦးကြည်လွင် ၏အဖြေစကား

Jun 11 , 2015

"ယမန်နေ့က ကစားခဲ့သော ကမ္ဘောဒီးယားနှင့် ပွဲအပြီးတွင် မြန်မာ ယူ-၂၃ နည်းပြဦးကြည်လွင်က သတင်းသမား များ၏ မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြား သွားခဲ့သည်။

ဒီနေ့ပွဲကို အရန်ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့တာ ဟုတ်ပါတယ်။ သူတို့အတွေ့အကြုံရအောင်၊ အဓိက ကစားသမားတွေ ဒဏ်ရာတို့ အ၀ါအနီတို့ မထိအောင်၊ ပွဲပန်းမှုဒဏ် ပင်ပန်းမှု မရှိအောင် ဆီမီးဖိုင်နယ်အတွက် ချန်ထား ခဲ့တာပ

အခု ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့မှာဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ ဗိုလ်လုပွဲ အထိရောက်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။

ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲ ကစားထားခဲ့သလို သူတို့အသင်း ကစားထားတဲ့ ပွဲတွေလည်း ကြည့်ထားပါတယ်။

အားပေးကြည့်ရှု နေကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာက ပြောကြားချင်ပါတယ်။ နောက်ပွဲ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။"

U Myo Thant

<< Back SEA Games News


Advertisement
Here