La-liga News

ဇူလိုင် ၁၈ တွင်ဥက္ကဌရွေးမည့် ဘာကာ

Jun 11 , 2015

ချန်ပီယံလိဂ်ဆုဖလားရခဲ့သော ဘာစီလိုနာအသင်း၏ ဥက္ကဌသစ်ရွေးပွဲကို လာမည့်ဇူလိုင် ၁၈ ရက်နေ့တွင် ကျင်းပမည်ဟုသိရသည်။

အဆိုပါ ဥက္ကဌသစ်ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သူများအနေနှင့် ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင် ၄ ရက်အတွင်း ရွှေးချယ်ရေးဘုတ်အဖွဲ့သို့ အမည်စာရင်း သွင်းရမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ပွဲကို ဇူလိုင် ၁၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်း ၀က်စ်ဆိုဒ်တွင်ဖော်ပြခဲ့သည်။

ဘုတ်အဖွဲ့အနေနဲ့ ရွေးချယ်ခံရမည့်သူများ စာရင်းကို ဇူလိုင် ၈ ရက်နေ့တွင် ကြေညာပေးမည် ဖြစ်ပြီး ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ မဲပေးမှုကို ဘာစီလိုနာအိမ်ကွင်း နူးကမ့်တွင်ပြုလုပ်မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here