Europe News

မန်စီးတီး ရောက်မည့် ဖာနန်ဒို

Jun 26 , 2014

မန်စီးတီးအသင်းသည် ပေါ်တိုအသင်းမှ ကွင်းလယ်ကစားသမား ဖာနန်ဒိုအား ခေါ်ယူရန်အတွက် နီးစပ်လျှက် ရှိကြောင်းသိရှိရသည်။

အဆိုပါ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် မန်စီးတီး အသင်းအနေဖြင့် ပေါင် ၁၂ သန်း ၀န်းကျင်အသုံးရဖွယ် ရှိကြောင်းလည်း သိရှိရသည်။

ဖာနန်ဒိုသည် ပေါ်တိုအသင်းထံတွင် ၂၀၀၇ ခုနှစ်ထဲက စတင်ကစားခဲ့ပြီး အသင်းနှင့်အတူ ပြည်တွင်းလိဂ်ဖလား ၄ လုံးနှင့် ၂၀၁၁ ခုနှစ်တွင် ယူရိုပါလိဂ် ဖလားတို့အား ရယူနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီအပြောင်းအရွှေ့ ကာလနောက်ဆုံးအချိန်တွင် ဖာနန်ဒိုနှင့်အတူ အသင်းဖော် တစ်ဦးဖြစ် သည့် မန်ဂလာတို့ကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး အောင်မြင်မှုမရခဲ့ဘဲ ယခုမှ ပြန်လည်ခေါ်ယူရန် ကြိုးစားလာခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒိုအနေဖြင့် မန်စီးတီးအသင်းသို့ ရောက်ရှိလာပါက ကွင်းလယ်ပိုင်းတွင် ယာယာတိုရေး၊ ဂျိမ်းစ်မီလ်နာ၊ ရော့ဒ်ဝဲလ်၊ ဖာနန်ဒင်ဟို၊ ဂျာဗီဂါစီယာ တို့နှင့်အတူ နေရာရရှိရန်အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Cho Phyu Aye




<< Back Europe News


Advertisement
Here