Coppa Italia Cup News

အိုင်ရှင်ချီလီနိုင်ခဲ့သော ကိုပါအမေရိက

Jun 12 , 2015

ယနေ့စတင် ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၅ ကိုပါအမေရိက အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ချီလီက အီကွေဒေါကို ၂းဝ ဖြင့် စတင်အနိုင်ရရှိခဲ့သည်။

ပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိသရေကျနေခဲ့ပြီး ၆၇ မိနစ်တွင် အိမ်ရှင်ချီလီက ပင်နယ်တီကန်ခွင့်ရခဲ့ရာ ဂျူဗင်တပ် ကစားသမားဗီဒယ်က အမှားအယွင်းမရှိ ဂိုးသွင်းနိုင်ခဲ့သည်။

၈၄မိနစ်တွင် ကျူပီအာတိုက်စစ်မှုး ဗားဂတ်စ်ကအိမ်ရှင်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို သွင်းယူသွားခဲ့သည်။

ချီလီအသင်းမှာ အနိုင်သေချာစေခဲ့သော်လည်း နာကျင်အချိန်ပို ၃ မိနစ်တွင် ဖာနန်ဒက်စ်က ၂ ၀ါ ၁နီဖြင့်ထွက်ခဲ့ရသဖြင့် လာမည့်ပွဲတွင် ပါဝင်ခွင့်ရတော့မည် မဟုတ်ပေ။

မနက်ဖြန်တွင် ချီလီပါဝင်သည့် အုပ်စု A မှပင်ဖြစ်သော မက္ကဆီကိုနှင့် ဘိုလီးဗီးယားတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုပြိုင်ပွဲကို ၄ သင်းပါအုပ်စု ၃ စုဖြင့်ကျင်းပနေခြင်း ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here