Europe News

ဖီနာဘီချီကို ပီရီးယားက တာဝန်ယူမည်

Jun 12 , 2015

ပေါ်တူဂီကလပ် ပေါ်တိုကိုကိုင်တွယ်ခဲ့ဘူးသော ဗစ်တာပီရီးယားမှာ အိုလံပီယာကော့စ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဖီနာဘီချီအသင်းနည်းပြအအဖြစ် ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ပေါ်တူဂီ လူမျိုးဖြစ်သူ ပီရီးယားမှာ ကြာသပတေးနေ့ အစောပိုင်းတွင် အိုလံပီယာကော့စ်နှင့် လမ်းခွဲခဲ့ ပြီဖြစ်ကြောင်း ပြောဆို ခဲ့ပြီးနောက် ဖီနာဘီချီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သူသည် အိုလံပီယာကော့စ်ကို စူပါလိဂ်အမှတ်ပေးချန်ပီယံနှင့် ဂရိလိဂ် ဖလားများ ရယူပေးခဲ့သူဖြစ်ပြီး ယခုတူရကီကလပ် ဖီနာဘီချီကို အောင်မြင်မှုရရန် တာဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။

သူသည် ပေါ်တိုတွင် ရှိစဉ်ကလည်း အမှတ်ပေးချန်ပီယံ ၂ ကြိမ်ရခဲ့သူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here