La-liga News

ဒီဂီယာကို ရီးရဲလ်ခေါ်တော့မည်

Jun 12 , 2015

အသင်း၏ရာသီကြိုခရီးမစတင်မီ ရီးရဲလ်အသင်းသည် မန်ယူဂိုးသမားဒီဂီရာကို ခေါ်ယူနိုင်ရေးအတွက်စတင်ကြိုးပမ်းနေပြီ ဖြစ်သည်။

ရီးရဲလ်အသင်းမှာ ရာသီကြိုခရီးအဖြစ် သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင်ရိုးမားနှင့် ဇူလိုင် ၁၈ ရက်၌ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး ယင်းနေ့ရက်မတိုင်မီ ဒီဂီယာကို ခေါ်ယူလိုခြင်းဖြစ်သည်။

ရီးရဲလ်အနေနဲ့ ဒီဂီယာကိုပြောင်းရွေ့ကြေး ပေါင် ၂၂ သန်း မှ ၂၅ သန်းကြားပေး၍ ခေါ်ယူလိုနေပြီး မန်ယူကမူစပိန်လက်ရွေးစင် ဒီဂီယာကို ပေါင် ၃၅ သန်းရမှ ထွက်ခွာခွင့်ပေးမည် ဟုဆိုသည်။

မန်ယူအနေနှင့် ဒီဂီယာ၏ ဇာတိသို့ ပြောင်းလိုသည့်အပေါ် တာဆီးပိတ်ပင်ရန် ကြိုးပမ်းမည်မဟုတ်ပဲ ပြောင်းရွေးကြေး သဘောတူညီမှု ရရန်ကိုသာ ဦးတည် ထားမည်ဖြစ်သည်။

လက်ရှိတွင် စပိန်လက်ရွေးစင်ဟောင်း ဗဲလ်ဒက်ရှိနေသော်လည်း မန်ယူမှာနောက်ထက် ဂိုးသမားတစ်ယောက် ခေါ်ယူရန် စပါးမှ လိုရစ်နှင့် စတုတ်မှ ဘီဂိုဗစ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here