La-liga News

ကစားချိန်ပြောင်းမည့် လာလီဂါ

Jun 12 , 2015

စပိန်လာလီဂါ ပွဲစဉ်အချို့အတွက် ကစားချိန်ကို လာမည့်ရာသီတွင် ပြောင်းလဲကစားမည်ဟုသိရပြီး ထိုသို့ပြောင်းလဲမှုကြောင့် အင်္ဂလန်ရှိပရိတ်သတ်များမှာ ထိုပွဲစဉ်များကိုအဆင်ပြေစွာ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ရုပ်/သံ ဥပဒေအရ အင်္ဂလန်တွင် ဘောလုံးပွဲများကို မွန်လွဲ ၂ နာရီ ၄၅ မှညနေ ၅ နာရီ ၁၅ ကြားတွင် ထုတ်လွင့်ခွင့်မရှိသဖြင့် ၂၀၁၃ ခုနှစ်က ဘာစီလိုနာနှင့် ရီးရဲလ်ပွဲစဉ်ကို အင်္ဂလန်ပရိသတ်များမှာ ၁၅ မိနစ်နောက်ကျပြီးမှသာ ကြည့်ခွင့်ရခဲ့ကြသည်။

လာမည့်ရာသီအတွက် လာလီဂါပွဲစဉ်များကို ညနေ ၆ နာရီအစား ၆ နာရီ ၁၅ မိနစ်သို့ ပြောင်းရွေ့ကစားစေမည်ဖြစ်သဖြင့် အင်္ဂလန်နှင့် ယူကေမှပရိသတ်များမှာ ထိုပွဲစဉ်များကို ရုပ်/သံမှ အဆင်ပြေပြေ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင်ဘာစီလိုနာနှင့် ရီးရဲလ်တို့တွေ့ဆုံသည့် ပွဲမျိုးကဲ့သို့သော ပွဲကြီးပွဲကောင်းများကို ညနေ ၆ နာရီ ၁၅ တွင်ကစားရန် စပိန်လိဂ်အဖွဲ့က စီစဉ်ထားပြီဖြစ်သည်။

ထို့အပြင် တနင်္ဂနွေနေ့တွင် ကစားမည့် ၂ ပွဲ၏အချိန်များကိုလည်း ညနေ ၅ နာရီအစား ၄ နာရီခွဲ၊ ည ၉ နာရီအစား ၈ နာရီခွဲသို့ ပြောင်းရွေ့ကစားကြမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here