SEA Games News

ဗိုလ်လုပွဲရောက် မြန်မာ

Jun 13 , 2015

၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှာ ၂၀၀၇ ဆီးဂိမ်းတွင် ဗိုလ်လုပွဲရောက်ခဲ့ပြီးနောက် ၈ နှစ်အကြာ ၂၀၁၅ တွင်ဗိုလ်လုပွဲသို့ နောက်တစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

၁၉၉၅ မှ၂၀၁၅အထိနှစ်ပေါင်း ၂၀ အတွင်းဗိုလ်လုပွဲသို့ ဒုတိယအကြိမ်တက်ရောက်နိုင်ခဲ့ခြင်း လည်းဖြစ်သည်။

မြန်မာအသင်းမှာ ၁၉၉၅ မှ၂၀၁၃ အထိ ဆီးဂိမ်း ၁၀ ကြိမ်တွင် ၂၀၀၇ ၌သာဒုတိယဖြင့် အဆင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရွေတံဆိပ်နှင့်ဝေးနေခဲ့သည်မှာ ၄၂ နှစ်ကြာခဲ့ပြီဖြစ်သည်။

ယနေ့ကျင်းပခဲ့သော ဆီမီးဖိုင်နယ်ပွဲတွင် မြန်မာက ၂း၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နှစ် ၂၀ ကာလအတွင်း ဗီယက်နမ်နှင့် ဆီမီး၌ ၃ ကြိမ်တွေ့ရာတွင် ၂ ကြိမ်နိုင်၍ ၁ ကြိမ်ရှုံးရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ယှဉ်ပြိုင် ကစားသောပွဲတွင် မြန်မာအသင်းအနေနှင့် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်းဂိုး စရခဲ့သော်လည်း ကစားပုံတွင် ဗီယက်နမ်က ပိုမိုဖိအားပေး ကစားနိုင်ခဲ့သည်။

နောက်တန်းနှင့် ဂိုးသမားတို့ ကြံ့ကြံ့ခံ ကစားနိုင်ခဲ့၍ ၁ ဂိုးသာပေးခဲ့ရပြီး ပွဲချိန် အတော်များများတွင် ဗီယက်နမ်က ဖိကစားနိုင်ခဲ့သည်။

နောက်ထပ်ဆီးမီးဖိုင်နယ်ပွဲကို ယနေ့ည ၇ နာရီတွင်ကစားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့် ၂ သင်းမှာ ထိုင်းနှင့်အင်ဒိုနီးရှားတို့ဖြစ်သည်။

လက်ရှိခြေစွမ်းအရ ထိုင်းအသင်းမှာ ၅ ပွဲကစားပြီးရာတွင် ၁၄ ဂိုးသွင်းယူထားနိုင်ပြီး ပေးဂိုး ၁ ဂိုးသာရှိသည့် အသင်းဖြစ်သည့် အတိုင်း အင်ဒိုနီးရှားကို အနိုင်ကစားသွားနိုင်မည်ဟု ယူဆရသည်။

ဗိုလ်လုပွဲကိုဇွန်လ ၁၅ ရက်တနင်္လာနေ့ ည ၇ နာရီတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် စင်္ကာပူက လက်ခံ ကျင်းပခဲ့သည့် ၁၉၇၃ ဆီးဂိမ်းပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာအသင်းအနေနှင့် ယခုစင်င်္ကာပူပင် အိမ်ရှင်ဖြစ်နေသည့် ၂၀၁၅ ဆီးဂိမ်း၌ ထပ်မံဗိုလ်စွဲနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ကြရဦးမည်ဖြစ်သည်။

U Myo Thant

<< Back SEA Games News


Advertisement
Here