EPL News

အသင်းပြောင်းသည့် လစ်ဗာမိုး

Jun 26 , 2014

တော့တင်ဟမ် ဟော့စပါးအသင်းမှ ကွင်းလယ်ကစားသမား ဂျိပ်လစ်ဗာမိုးသည် ဟူးလ်စီးတီးအသင်းသို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က လစ်ဗာမိုး၏ အပြောင်းအရွှေ့အား နှစ်ဖက်အသင်းမှ အတည်ပြုကြေညာခဲ့ပြီး ပြောင်းရွှေ့ကြေးကို မူ ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။ လစ်ဗာမိုးသည် ပြီးခဲ့သည့်ရာသီက ဟူးလ်စီးတီးအသင်းထံသို့ အငှားပြောင်းရွှေ့ခဲ့ပြီး အသင်း တွင် ခြေစွမ်းပြနိုင်ခဲ့ကာ FA ဖလားဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပြီး အဓိကကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြနိုင်ခဲ့ကာ ယခုအပြီး သတ် ပြောင်းရွှေ့နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

"အခုလို ဟူးလ်စီးတီးအသင်းထံ တရားဝင် ပြောင်းရွှေ့ခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒီအသင်းမှာ ကျွန်တော် အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ကျွန်တော့အတွက် ဟူးလ်စီးတီးအသင်းမှာ ခြေစွမ်းပိုမိုတိုးတက်လာမယ်လို့ ယုံကြည်မိပါတယ်" ဟု လစ်ဗာမိုး မှပြောကြားသွားခဲ့သည်။

Cho Phyu Aye




<< Back EPL News


Advertisement
Here