Euro 2016

နိုင်ပွဲဆက်သောအင်္ဂလန်

Jun 15 , 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲဝင် အင်္ဂလန် အသင်းမှာ ယမန်နေ့က စလိုဗေးနီးယားနှင့် ခြေစစ်ပွဲတွင် ၃း၂ ဖြင့်အနိုင်ရခဲ့ပြီး အုပ်စုတွင်းတွင် ၆ ပွဲကစား ၆ ပွဲနိုင်ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။

အဆိုပါပွဲတွင် အိမ်ရှင် စလိုဗေးနီးယားအသင်းက ၃၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၀ီရှီုးလ်ယားက ၅၇ မိနစ်တွင် ချေပဂိုး သွင်းခဲ့သည်။

ယင်းနောက်သူကပင် ၇၃ မိနစ်၌ အင်္ဂလန်အတွက်ဦးဆောင်ဂိုး ပြန်သွင်းခဲ့သော်လည်း ၈၄ မိနစ်တွင် ချေပဂိုးပြန်ပေးခဲ့ရပြန်သည်။

၂ ဂိုးစီသရေဖြင့် ပွဲပြီးမည်ဟုထင်မှတ်နေစဉ် ၈၆ မိနစ်၌ ရွန်းနီက အင်္ဂလန်အတွက် အနိုင်ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

အသင်း ၆ သင်းပါ ယင်းအုပ်စုတွင် အင်္ဂလန်က ၁၈ မှတ်၊ ဆွတ်ဇာလန်က ၁၂ မှတ်၊ စလိုဗေးနီးယားက ၉ မှတ်တို့ဖြင့် ဇယားအပေါ်ပိုင်းတွင် ရှိနေကြသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here