SEA Games News

ဗီယက်နမ် ၅းဝ အင်ဒိုနီးရှား

Jun 15 , 2015

၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲမှ ဘောလုံးပွဲ ပွဲစဉ်တတိယနေရာလုပွဲတွင် ဗီယက်နမ်ကအင်ဒိုနီးရှားကို ၅းဝ ဖြင့်အနိုင်ရရှိကာ တတိယကြေးတံဆိပ် ရရှိသွားခဲ့သည်။

ယနေ့နေ့လည် ၁၂နာရီခွဲတွင် စတင်ယှဉ်ပြိုင်သော ထိုပွဲစဉ်တွင် ဗီယက်နမ်အသင်းက ပထမပိုင်း ၁၀ မိနစ်၊ ၂၁ မိနစ်၊ မိနစ် ၄၀ နှင့်နာကျင်အချိန်ပို ၁ မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့ကာ ဒုတိယပိုင်း ၇၁ မိနစ်တွင် နောက်တစ်ဂိုးရခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

တတိယရခဲ့သော ဗီယက်နမ်အသင်းမှာ ယခုပြိုင်ပွဲတွင် စုစုပေါင်း ၇ ပွဲကစားခဲ့ရာတွင် ၂၃ ဂိုးထိသွင်းယူနိုင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက စုစုပေါင်း ၆ ပွဲကစားခဲ့ရာတွင် ပေးဂိုး၁၅ ဂိုးရှိခဲ့သည့် အသင်းဖြစ်သည်။

ယနေ့ ည ၇ နာရီတွင် ၂၀၁၅ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာယူ-၂၃ နှင့် ထိုင်းယူ-၂၃ အသင်းတို့ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here