SEA Games News

ဆီးဂိမ်းအဆင့် ၇- မြန်မာ

Jun 16 , 2015

စင်င်္ကာပူတွင် ကျင်းပသည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယနေ့ ပိတ်ပွဲကျင်းပမည်ဖြစ်ကာ မြန်မာအားကစား အဖွဲ့များက စုစုပေါင်းဆုတံဆိပ် ၆၉ ခုဖြင့်အဆင့် ၇ နှင့် ကျေနပ်ခဲ့ရပြီဖြစ်သည်။

အဆင့် ၆ မှဖိလစ်ပိုင်မှာ ရွေတံဆိပ် ၂၉ ခုရရှိခဲ့ပြီး အဆင့် ၇ မြန်မာက ရွေတံဆိပ် ၁၂ ခုသာရရှိခဲ့သည်။ နိုင်ငံအလိုက်အဆင့်တွင် ထိုင်းအသင်းက ဘောလုံးရွှေတံဆိပ် အပါအ၀င်စုစုပေါင်း ရွှေတံဆိပ် ၉၃ ခုရရှိပြီး ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည်။

မြန်မာအသင်းမှာဇွန်လ ၁၄ ရက်နေ့အထိ ရွှေ ၁၁ ခုသာရရှိထားရာမှ ၁၅ ရက်နေ့တွင် ပိုက်ကျော်ခြင်း ကစားနည်း၌ ရွှေရခဲ့၍ စုစုပေါင်း ရွှေတံဆိပ် ၁၂ ခုရရှိခဲ့ခြင်းဖြစ်သည်။

ရွှေတံဆိပ်ရရှိသော အခြားကစားနည်းမှာ ၀ူရှုးမှ ၃ ခု၊ ခြင်းလုံးမှ ၂ ခု၊ ဂျူဒိုမှ ၂ ခု၊ ကနူးကယက်မှ ၂ ခု၊ ရိုးရာလှေလှော်မှ ၁ ခု၊ ဘိလိယက်မှ ၁ ခုတို့ဖြစ်ကြသည်။

၂၀၁၇ ဆီးဂိမ်းကို အိမ်ရှင်အဖြစ်မလေးရှားက လက်ခံကျင်းပမည်ဖြစ်ပြီး မလေးရှားမှာ ၁၉၆၅၊ ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၉ နှင့် ၂၀၀၁တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဘူးပြီး ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here