EPL News

အဲလ်ဘာတိုအား မာလာဂါမှ အငှားခေါ်ယူ

Jun 27 , 2014

လီဗာပူးလ်အသင်းမှ ကွင်းလယ်ကစားသမား လူးဝစ္စအဲလ်ဘာတိုသည် ၂၀၁၄-၁၅ ရာသီအား မာလာဂါအသင်းတွင် အငှား သွားရောက်ကစားခြင်းဖြင့် ကုန်ဆုံးမည်ဖြစ်သည်။

အဲလ်ဘာတိုသည် လီဗာပူးလ် အသင်းထံသို့ ၂၀၁၃ ဇွန်လတွင် ဆီဗီးလားအသင်းထံမှ ရောက်ရှိလာခဲ့ကာ နည်းပြဘရန်ဒန်ရော်ဂျာ ၏ လက်အောက်၌ ပုံမှန်ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရသည့် ကစားသမားလည်းဖြစ်သည်။

သူသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်း၏ကွင်းလယ်ပိုင်းတွင် ဂျရတ်၊ ဟန်ဒါဆန်၊ လူးကပ်စ်  စသည့်ကစားသမားများနှင့် ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်ခဲ့ ရသည်။

မာလာဂါအသင်းသည် ပြီးခဲ့သည့်ရာသီက လာလီဂါတွင် ရုန်းကန်ခဲ့ရပြီး လာမည့်ရာသီအတွက် ကွင်းလယ်ပိုင်းကို အင်အားဖြည့် တင်းရန် ရည်ရွယ်သည့်အနေဖြင့် အဲလ်ဗာတိုအား ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

 

Cho Phyu Aye




<< Back EPL News


Advertisement
Here