Coppa Italia Cup News

အနီကဒ်ရသော နေမာ

Jun 18 , 2015

ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်တစ်ပွဲအဖြစ် ဘရာဇီးနှင့်ကိုလံဘီယာတို့ ကစားခဲ့သည့်ပွဲတွင် ဘရာဇီးမှနာမည်ကျော် ကစားသမား နေမာမှာ ကိုလံဘီယာ ကစားသမား တစ်ဦးနှင့်အတူ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

ပထမပွဲစဉ် များတွင် ဘရာဇီးကပီရူးကို နိုင်ထားပြီး ကိုလံဘီယာက ဗင်နီဇွဲလားကို ရှုံးနိုမ့် ထားသဖြင့် ယခုပွဲစဉ်မှာ နောက်တစ်ဆင့် တက်ရေးအတွက် အရေးကြီးသော ပွဲစဉ်ဖြစ်၍ အကြိတ်အနယ် ရှိခဲ့သည်။

ထိုပွဲစဉ်တွင် ပထမပိုင်း ၃၆ မိနစ်၌ ကိုလံဘီယာမှ မူရီလိုက ဂိုးသွင်းနိုင်ခဲ့ပြီး မျှော်လင့်ချက်ရှင်သန်လာခဲ့သည်။

ပထမပိုင်း ၄၅ မိနစ်တွင် အ၀ါကဒ်ရထားသောနေမာမှာ ပွဲကစားချိန် ၉၆ မိနစ်တွင် နှစ်ဘက်အသင်းသားများ အချင်းများရာ၌ ပါဝင်ခဲ့ပြီးနောက် အ၀ါကဒ်ရခဲ့ကာ ကိုလံဘီယာတိုက်စစ်မှုး ဘက်ကာမှာလည်း အနီကဒ်ရခဲ့သည်။

ယခုပွဲအပြီးတွင် ဗင်နီဇွဲလားက ၁ ပွဲကစား ၃ မှတ်၊ ဘရာဇီးနှင့် ကိုလံဘီယာတို့က ၂ ပွဲကစား ၃ မှတ်၊ ပီရူးက ၁ ပွဲကစား အမှတ် မရှိသေးပေ။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here