AFC Champion News

အာရှချန်ပီယံလိဂ် ကွာတားပွဲများ

Jun 19 , 2015

၂၀၁၅ အာရှချန်ပီယံ ကွာတားဖိုင်နယ်ပွဲစဉ်မဲခွဲခြင်းကို ယမန်နေ့ကအာရှဘောလုံး အဖွဲချုပ်ရုံးချုပ်ရှိရာ မလေးနိုင်ငံ ကွားလာလမ်ပူတွင် ကျင်းပခဲ့သည်။

ထိုသို့မဲခွဲရာတွင် လွန်ခဲ့သောနှစ်က ဒုတိယ ရခဲ့သည့်ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာ ကာတာမှ လီဝီယာနှင့် တွေ့ဆုံ ရမည်ဖြစ်သည်။

အယ်လ်ဟီလယ်မှာ လွန်ခဲ့သော ၂၀၁၄ ဖိုင်နယ်တွင် သြစတေးလျကလပ် ဆစ်ဒနီဝန်းဒါးရားစ်ကို ၁းဝ ဖြင့်ရှုံးနိုမ့်ကာ ဒုတိယရခဲ့သူဖြစ်သည်။

၂၀၁၃ ချန်ပီယံဖြစ်သည့် တရုတ်ကလပ်ဇွန်ဇူးမှာ ဂျပန်ကလပ် ကာရှီဝါရေးဆိုးလ်နှင့် တွေ့ရမည်ဖြစ်ပြီး ဂျပန် ကလပ် တစ်ခု ပင်ဖြစ်သည့် ဂမ်ဘာအိုဆားကားမှာ တောင်ကိုရီးယားကလပ် ဟွန်ဒိုင်းမော်တာစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကွာတားပွဲစဉ်များကို နှစ်ကျော့ကစားရမည်ဖြစ်ပြီး သြဂုတ်လ ၂၅/၂၆၊ စက်တင်ဘာ ၁၅/၁၆ တို့တွင်ကစားရမည်ဖြစ်ကာ ဆီးမီးဖိုင်နယ်မှာ စက်တင်ဘာ ၂၉/၃၀ အောက်တိုဘာ ၂၀/၂၁ တို့ဖြစ်ပြီး ဖိုင်နယ် ၂ ကျော့မှာ နိုဝင်ဘာ ၇ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here