Bundesliga News

ရှဝိန်းစတိုင်ဂါကို သတိပေးတဲ့သူ

Jun 19 , 2015

ဘိုင်ယန်ကွင်းလယ် ကစားသမား ရှဝိန်းစတာဂါ အနေနှင့် မန်ယူသို့အသင်းပြောင်း မသွားသင့်ကြောင်း ဘိုင်ယန်ဂန္တ၀င် ကစားသမားကြီး ဘက်ကင်ဘောင်ဝါက သတိပေးလိုက်သည်။

ရှဝိန်းစတိုင်ဂါမှာ ဘိုင်ယန်နှင့်စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့သူဖြစ်ပြီး ယခုနွေတွင်မန်ယူသို့ပြောင်းမည်ဟု သတင်း ထွက်နေသူဖြစ်သည်။

ဘက်ကင်ဘောင်ဝါက စတိုင်ဂါအနေနှင့် မန်ယူသို့မသွားသင့်ကြောင်း၊ အကြောင်းမှာအသက် ၃၀ အရွယ်ရှိနေပြီ ဖြစ်သဖြင့် အခြားလိဂ်တစ်ခုသို့ပြောင်းခဲ့ပါက အထိုင်ကျရေးအတွက် ခက်ခဲနိုင်သည့် အသက်အရွယ်ကြောင့်ဖြစ်ကြောင်း သူသည်နှစ်ပေါင်း များစွာ ခွန်အားကို အသုံးပြုကစားခဲ့ပြီးဖြစ်၍ ပရီးမီးယားလိဂ်ကစားပုံနှင့် အံဝင်ခွင်ကျကစားနိုင်ရန် စွမ်းအားမလုံလောက်မည်ကို ဆိုးရိမ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်မေဂျာလိဂ်မျိုးကိုရွေးပါက ခံသာမည်ဖြစ်ကြောင်း မိမိသာစတိုင်ဂါဆိုပါက ဘိုင်ယန်တွင် ၁ နှစ်၊ ၂ နှစ်ခန့်ဆက်နေသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here