Coppa Italia Cup News

၎ ပွဲပယ်ခံရသော နေမာ

Jun 20 , 2015

ပရော်ဖက်ရှင်နယ် ကစားသမား မပီသစွာဖြင့် ပြိုင်ဘက် ကစားသမားအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့၍ အနီကဒ်ပြခံရသော ဘရာဇီး တိုက်စစ်မှုးနေမာကို ၄ ပွဲပယ် ပစ်ဒဏ်ချမှတ်လိုက်သဖြင့် နေမာမှာ ကိုပါအမေရိကဖလားပွဲတွင် ဆက်လက်ပါဝင်ခွင့် ဆုံးရှုံး သွားခဲ့ပြီဖြစ်သည်။

ကိုလံဘီယာကို ၁းဝ ဖြင့်ရှုံးခဲ့သောပွဲစဉ်တွင် ထိုကဲ့သို့ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၂၃ နှစ်သား ဘာစီလိုနာ တိုက်စစ်မှုး လည်းဖြစ်သူ နေမာမှာ ဘရာဇီး၏ အုပ်စုနောက်ဆုံး ပွဲဖြစ်သည့် ဗင်နီဇွဲလားနှင့်ပွဲကိုသာ လွဲချော်မည်ဟု ထင်ထားရာမှ ယခု ၄ ပွဲအထိ အပယ်ခံရခြင်းဖြစ်သည်။

ထိုပွဲစဉ်တွင် ကိုလံဘီယာတိုက်စစ်မှုး ဘက်ကာသည်လည်း အနီကဒ်ပြခံခဲ့ရပြီး ၂ ပွဲ ပွဲပယ်ပစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ကစားသမား၂ ဦးလုံးကို အယူခံဝင်ခွင့်ပေးထားသော်လည်း အယူခံဝင်မ၀င်မသိရသေးပေ။ နေမာ၏ပြုမှုပုံနှင့် ပက်သက်၍ဝေဖန်မှု များစွာထွက်ပေါ်ခဲ့သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here